လစ်ဗျားမှာ အရန် လက်နက်ကိုင်တပ်နဲ့ ဆန္ဒပြသူတွေ ပစ်ခတ်မှုဖြစ်

Image caption Ali Zeidan

လစ်ဗျား နိုင်ငံ ထရစ်ပိုလီ မြို့တော်က အင်အားကြီး လက်နက်ကိုင် အရန်တပ်ဖွဲ့ တဖွဲ့ရဲ့ ရုံးချုပ် အပြင်ဖက်မှာ အဲဒီ တပ်ဖွဲ့ကလူတွေနဲ့ လက်နက်ကိုင် ဆန္ဒပြသူတွေ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး အနည်းဆုံး လူ၂၇ ယောက် သေဆုံးသွားပါတယ်။

အဲဒီ လက်နက်ကိုင် အရန် တပ်ဖွဲ့ ထရစ်ပိုလီမြို့မှာ ဆက်ရှိနေတာကို လူတွေက ဆန့်ကျင် ဆန္ဒပြတဲ့ အပေါ် အရန်လက်နက်ကိုင် တပ်ဖွဲ့က ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ပြီး အဲဒီမှာ လူတော်တော်များများ သေဆုံးသွားတာကြောင့် ဒါကို လက်တုန့်ပြန်တဲ့ အနေနဲ့ ဆန္ဒပြ သမားတွေက အရန်တပ်ဖွဲ့ရဲ့ ရုံးချုပ်ကို ပြန်လည် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် အလီ ဇေဒန်းက လက်နက်ကိုင် အရန်တပ်ဖွဲ့တွေ အားလုံး ထရစ်ပိုလီ မြို့တော်ကနေ စွန့်ခွာကြဖို့ ထပ်တလဲလဲ ပန်ကြားခဲ့ပေမယ့် အခု ဖြစ်ရပ်မှာ ဆန္ဒပြသမားတွေဖက်က လွန်တဲ့ အချက်တချို့လည်း ပါတယ်လို့ ဆိုပါတယ်။