သမ္မတ အိုဘားမား က အီရန် အရေး သတိပေး

iran_talks_
Image caption အီရန် ဂျီနီဗာ ဆွေးနွေးပွဲ ပြန်စ

ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံ နဲ့ အီရန် အစိုးရ ကိုယ်စားလှယ်တွေ ဟာ ကနေ့ ဗုဒ္ဓဟူး နေ့မှာ အီရန် ရဲ့ နျူကလိယပ် အစီအစဉ် နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ကျင်းပမှာပါ။ အဲဒီအတွက် သမ္မတ အိုဘားမား က အီရန်နဲ့ သဘောတူညီချက် မရမှာ ကို စိုးရိမ်ရာ က Wall Street Journal Forum မှာ သတိပေး စကား ပြောကြားပါတယ်။

အီရန် နဲ့ သံတမန်ရေး အရ ဆွေးနွေးတဲ့ အခါမှာ အချိန်ပေး ဖို့၊ ဒီကြားထဲမှာ ပိတ်ဆို့ အရေးယူမှု နောက်ထပ် မချမှတ်ဖို့၊ တဖက် မှာလည်း၊ အီရန် အပေါ် ချမှတ်ဆဲ ပိတ်ဆို့ အရေးယူမှု ကိုလည်း အခြေအနေ အရ ကိုင်ဆွဲထားမယ့် အကြောင်းတွေ သမ္မတ အိုဘားမား က ပြောပါတယ်။

အစ္စရေး ကတော့ အမေရိကန် အစိုးရ ဟာ အီရန် အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု လျှော့ချရေး ကို အစောတလျင် ပြုလုပ်နေတယ် လို့ ဝေဖန်ပါတယ်။ ကြားကာလ ၆ လ ကတော့ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တာကြောင့် ရလဒ် အဖြေဟာ၊ ဒီတပတ် အတွင်း ဒါမှမဟုတ် ရှေ့လာမယ့် သီတင်းပတ် မှ ဖြစ်နိုင် လို့ အတိအကျ မပြောနိုင်ပုံ ကို သမ္မတ အိုဘားမား က ရှင်းပြပါတယ်။

ဒါပေမယ့် အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရိဖ် ကတော့ ဒီ ဂျီနီဗာ ဆွေးနွေးပွဲ ကနေ့ သဘောတူညီမှု တခု ရရှိဖို့ အရေး ဟာ အီရန် ရဲ့ အစည်းအဝေး အစီအစဉ် ထဲ ပါလာကြောင်း ပြောတာ ကို အီရန် အစိုးရ သတင်းစဉ် မှာ ဖေါ်ပြထားပါတယ်။