အခုခေတ် ကလေးတွေ မိဘကို ပြိုင်မပြေးနိုင်

Children Fitness
Image caption ကလေးတွေ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့လို

ကမ္ဘာတလွှားက သန်းနဲ့ ချီတဲ့ ကလေးတွေရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်တဲ့ လေ့လာချက် တစ်ခုမှာ အခုခေတ် ကလေးတွေဟာ သူတို့ မိဘတွေ ငယ်ငယ် တုန်းကလောက် မြန်မြန် မပြေးနိုင်ကြဘူးလို့ တွေ့ရှိခဲ့ရပါတယ်။

သြစတြေးလျ နိုင်ငံက သုတေသီ တွေက နိုင်ငံပေါင်း ၂၈ နိုင်ငံက ကလေးငယ် ၂၅ သန်းကို လေ့လာ ဆန်းစစ် ခဲ့တာ ဖြစ်ပါတယ်။

တစ်မိုင်အကွာအထိ ပြေးမယ် ဆိုရင် အခု ကလေးတွေဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ က ကလေးတွေထက် တစ်မိနစ်ခွဲ ပိုကြာတယ်လို့ သူတေသီတွေ တွေ့ရှိခဲ့ပါတယ်။

အခု တွေ့ရှိမှုကို ထုတ်ပြန်ရေးသားသူ တွေက ဒီကိစ္စမှာ အဝလွန်မှုက အဓိက ကဏ္ဍက ပါဝင်တယ်လို့ ပြောပါတယ်။

ကလေးတွေဟာ ငယ်စဉ်မှာ မှန်ကန်တဲ့ ကိုယ်လက် လှုပ်ရှားမှု မလုပ်ရင် နောင်မှာ ကျန်းမာရေး ပြဿနာတွေ ကြုံလာရ နိုင်တယ်လို့ လည်း သူတို့က သတိပေးပါတယ်။