ရာထူးကြီး ခန့်အပ်ရေး ဆိုင်ရာ ပြောင်းလဲမှု ဆီးနိတ် အတည်ပြု

Image caption အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမား

အမေရိကန် ပြည်ထောင်စုမှာ တရားသူကြီးတွေနဲ့ တခြား ထိပ်တန်း အရာရှိကြီးတွေ ခန့်အပ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ပြောင်းလဲဖို့ ဆီးနိတ် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။

အခုလို ဆောင်ရွက်မှုကြောင့် အိမ်ဖြူတော်က လျာထားတဲ့သူ တော်တော်များများကို ရီပါ့ဘလစ်ကန်တွေက ပိတ်ဆို့တားဆီးမှုတွေ လုပ်တဲ့ အရေးကနေ ကာကွယ် နိုင်တော့မှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဥပဒေတရပ်ကို မပြဌာန်းဖြစ်အောင် အချိန်ဆွဲတာ ဒါမှမဟုတ် မဲခွဲဆုံးဖြတ်လို့ မရအောင် ငြင်းခုန်ဆွေးနွေးမှုတွေ အကြာကြီး လုပ်နေတာ စတာတွေနဲ့ အခုလို ရာထူးရာခံကြီးတွေရဲ့ ခန့်အပ်မှုကိုဟန့်တားလို့ မရနိုင်တော့ပါဘူး။

ဒီဆုံးဖြတ်ချက်ကို သမ္မတ အိုဘားမားက ကြိုဆိုလိုက်ပြီး ရီပတ်ဘလစ်ကန်တွေရဲ့ အရေးပါတဲ့ ရာထူး ခန့်အပ်မှုတွေကို မဆင်မခြင် တားဆီးတဲ့ လုပ်ရပ်ဟာ တိုင်းပြည် စီးပွားရေး တိုးတက် ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သလို ဒီမိုကရေစီ နည်းလမ်းလည်း မကျဘူးလို့ ပြောပါတယ်။