အီဂျစ်မှာ စီတန်းစုဝေး ဆန္ဒပြခွင့် ဥပဒေသစ် ထုတ်ပြန်ပြီ

Image caption ဆန္ဒပြ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေသစ် အီဂျစ်မှာ ပြဌာန်းပြီ

အီဂျစ် နိုင်ငံမှာ ယာယီ သမ္မတ Ali Mansour လက်မှတ်ထိုးထားတဲ့ လူထုစီတန်းလှည့်လည် ဆန္ဒပြမှု ဆိုင်ရာ ဥပဒေသစ် နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာပါပြီ။

လူဆယ်ယောက်ထက်ပိုပြီး စီတန်းဆန္ဒပြရင် ဒီဥပဒေသစ် အရ အရေးယူခံရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်လို ဆန္ဒပြမှုမျိုးမဆို သုံးရက်ကြိုတင် ဆန္ဒပြခွင့် ရဲဆီမှာ တောင်းခံရမှာ ဖြစ်ပြီး တကယ်လို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှု မဖြစ်လာခဲ့ရင် မျက်ရည်ယိုဗုံးတွေ ၊ ရာဘာကျည်ဆန်တွေ ၊ မီးသတ်ပိုက်တွေနဲ့ နှိမ်နင်း အရေးယူခံရမှာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက လက်နက်ခဲယမ်း မီးကျောက် ကိုင်ဆောင်တယ် ဆိုရင် ထောင် ၇နှစ်ကျော် ကျခံရနိုင်ပါတယ်။

လူအခွင့်အရေး အဖွဲ့တွေက ဒီဥပဒေသစ်ကို ရှုတ်ချလိုက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့် ရှိတဲ့ လူတွေရဲ့ အခွင့်အရေးကို အရေးယူဖို့ ကြိုးစားမှု တရပ်ဘဲလို့ ပြောပါတယ်။