တရုတ် လေကြောင်းဇုန်မှာ ကန်က စစ်ဆင်ရေးတွေ ပုံမှန် ဆက်လုပ်မယ်

Image caption တရုတ်ရဲ့ ဂျက်တိုက်လေယာဉ်တွေ

အရှေ့တရုတ် ပင်လယ်ပြင်မှာ တရုတ် အစိုးရက သူတို့ရဲ့ လေကြောင်းပိုင်နက်ဇုန်လို့ တလောတုန်းက ကြေညာခဲ့တဲ့ နေရာကို အမေရိကန် ကင်းထောက်လေယာဉ်တွေ အပါအဝင် ပုံမှန် စစ်ဆင်ရေး ပျံသန်းမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

အဲဒီ လေကြောင်းပိုင်နက်ဇုန်ထဲမှာ ဂျပန်နဲ့ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းတွေလည်း ပါ၀င်ပါတယ်။

သူတို့ကို အသိမပေးဘဲ အဲဒီဇုန်ထဲ၀င်လာတဲ့ အမေရိကန်နဲ့ ဂျပန် စစ်လေယာဉ်နဲ့ ကင်းထောက်လေယာဉ်တွေကို ခြေရာခံနိုင်ဖို့ သူတို့ရဲ့ တိုက်လေယာဉ်တွေကို ချက်ခြင်းလွှတ်ပြီး ထောက်လှမ်းခိုင်းမှာ ဖြစ်တယ်လို့ တရုတ်ဖက်က ကြေညာခဲ့ပြီးတဲ့နောက် အမေရိကန်တဲ့ တုန့်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အာဏာရ တရုတ် ကွန်မြူနစ် ပါတီရဲ့ အာဘော်တွေ လွှမ်းမိုးရာ ဂလိုဘယ်တိုင်းမ်စ် သတင်းစာမှာတော့ အမေရိကန်ဖက်က သိတ်အလွန်ကြီးမဟုတ်သရွေ့ တရုတ် အနေနဲ့ ပစ်မှတ်မထားသင့်ဘူးလို့ ရေးသားထားပါတယ်။