အီဂျစ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲဖို့ သဘောတူ

Image caption သမ္မတမော်စီကို ထောက်ခံသူတွေ ဆန္ဒပြနေ

အီဂျစ် နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲဖို့ သဘောတူခဲ့ပြီး လာမယ့်နှစ်မှာ လူထုဆန္ဒ ခံယူပွဲတွေ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ရေးဆွဲရေး အဖွဲ့က နောက်ဆုံးအဆင့် ပြောင်းလဲ ပြင်ဆင်မှုတွေကို ဆွေးနွေးနေချိန်မှာ ကိုင်ရိုမြို့ တာရီရာ ရင်ပြင်မှာတော့ ရာထူးကဖယ်ရှားခံခဲ့ရတဲ့ အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူတွေက ဆန္ဒပြခဲ့ကြပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ နှိမ်နင်းခဲ့ပါတယ်။

ဖွဲ့စည်းပုံသစ်မှာ တချို့ ကိစ္စမှာ အရပ်သားတွေကို တရားစွဲဆိုနိုင်တာ အပါအဝင် စစ်တပ်ကို ကျယ်ပြန့်တဲ့ အာဏာ တချို့ ဆက်လက် ပေးထားတာ ဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံသစ်ကို အတည်ပြု လက်မှတ်ထိုးပြီးရင် ခြောက်လ အတွင်း ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။