ယူကရိန်းမှာ အစိုးရရုံးတွေကို ပိတ်ဆို့ ဆန္ဒပြ

Image caption အစိုးရ ကိုယ်စားလှယ်တွေဟာ အတိုက် အခံ ခေါင်းဆောင် တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေ

ယူကရိန်း နိုင်ငံမှာ သမ္မတ ဗစ်တာ ယန်နူ ကိုဗစ်ချ် ကို ဆန့်ကျင်တဲ့ ထောင်ပေါင်း များစွာ သော ဆန္ဒပြ သူတွေဟာ မြို့တော် ကိယက်ဗ် က အဓိက ကျတဲ့ အစိုးရ ရုံးတွေ ကို ပိတ်ဆို့ မှုတွေ ဆက်လက် ပြုလုပ်နေ ပါတယ်။

နောက်ထပ် ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ကတော့ မြို့တော်က လွတ်လပ်ရေး ရင်ပြင်မှာ စုရုံး ခဲ့ကြပြီး၊ ဆန္ဒပြ သူတွေဟာ ယူကရိန်း နိုင်ငံကို ဥရောပ သမဂ္ဂ နဲ့ ပူပေါင်း ချင်နေ ကြတာ ဖြစ်ပါတယ်။

အစိုးရ ကိုယ်စားလှယ်တွေဟာ အတိုက် အခံ ခေါင်းဆောင် တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ် နေကြ တယ်လို့ ကိယက်ဗ် မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါ တယ်။

အတိုက် အခံတွေ ကတော့ အစိုးရ နုတ်ထွက်ရေး အတွက် ထပ်ခါ တလဲလဲ တောင်းဆို နေကြတာ ဖြစ်ပါတယ်။ အကြောင်း ကတော့ ယူကရိန်း အစိုးရဟာ ဥရောပ သမဂ္ဂနဲ့ အကျိုးတူ ပူပေါင်း ဆောင်ရွက်ရေး သဘောတူချက် တခုကို လက်မှတ် မထိုး ခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲဒီလို ဥရောပနဲ့ လက်မှတ် မထိုးဘဲ၊ ရုရှားနဲ့ ကုန်သွယ်ရေး ပိုမို နီးနီး ကပ်ကပ် လုပ်ဆောင်ဖို့ကို ယူကရိန်း အစိုးရက လက်မှတ် ရေးထိုး ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ