ယီမင် ကာကွယ်ရေးရုံးမှာ အသေခံ ဗုံးခွဲ

Image caption ပေါက်ကွဲမှုအပြီး ထွက်ပေါ်လာတဲ့ မီးခိုးလုံးကြီး

ယီမင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှာ အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

အဲဒီ ပေါက်ကွဲမှုကြောင့် လူ ၂၉ ယောက် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ Sanaa မြို့တော်က အရာရှိတွေက ပြောပါတယ်။

စစ်ယူနီဖောင်း ဝတ်ထားတဲ့ အမျိုးသားတွေက ဝန်ကြီးဌာန ရုံး ဂိတ်ပေါက်မှာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြပြီး မရှေးမနှောင်းမှာ ကားဗုံး ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကို မျက်မြင် ကြုံတွေ့ခဲ့ရသူ တစ်ယောက်က ပေါက်ကွဲသံကြီးကို သူတို့ ကြားခဲ့ရတယ်၊ အနီးဝန်းကျင်ကိုပါ ထိမှန်ပြီး အိမ်ပြူတင်းပေါက်တွေ ကွဲကုန်တယ်၊ လူတွေအားလုံးရော ကလေးတွေပါ ထိတ်လန့် ကြောက်ရွံ့ ခဲ့ကြတယ်လို့ ပြောပါတယ်။

တချို့ သတင်းတွေမှာတော့ ဒီတိုက်ခိုက်မှုမှာ အယ်လ်ကိုင်းဒါး ပါဝင် ပတ်သက်တယ်လို့ ပြောနေပေမယ့် ဆန်နား မြို့တော်က အစိုးရ ဝန်ကြီး တစ်ယောက်ကတော့ ဒါဟာ သမ္မတဟောင်း အလီ အဗ္ဗဒူလာ Ali Abdullah Saleh နဲ့ ဆက်စပ်နေသူတွေကို ပြစ်တင် ပြောဆိုပါတယ်။

သေဆုံးသူတွေထဲမှာ တိုက်ခိုက်သူ အတော်များများလည်း ပါဝင်တဲ့ အပြင် ကာကွယ်ရေး ဝန်ကြီးဌာန ဝင်းအတွင်းမှာ ရှိတဲ့ ဆေးရုံက ဆေးဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ