ဥရောပက မုန်တိုင်းအပြီး နောက်ဆက်တွဲအခြေအနေ

Image caption ဆွီဒင်နိုင်ငံ ဟယ်စင်ဘော့မြို့ ကမ်းခြေမှာ လှိုင်းကြီးနေစဉ်။

ဥရောပ အနောက်မြောက်ပိုင်းကို အန္တလန်တိတ် မုန်တိုင်းတစ်ခု ဝင်ရောက် တိုက်ခတ်ခဲ့ရာမှာ နှစ်ပေါင်း များစွာအတွင်း အကြီးဆုံး လှိုင်းလုံး ကြီးတွေကို မြင်ခဲ့ရပါတယ်။

ဂျာမနီနိုင်ငံက ဟန်းဘတ်ခ် ဆိပ်ကမ်းမှာ ဆိုရင် စိုးရိမ် ရေမှတ်ထက် ၄ မီတာ လောက်အမြင့် အထိကို ရေတက် လာခဲ့ပါတယ်။

ကျောင်းတွေလည်း ပိတ်ထားသလို လမ်းပန်း ဆက်သွယ်ရေးတွေလည်း ပြတ်တောက် နေပါတယ်။

နယ်သာလန် နိုင်ငံက ရေတား တမံကြီးတွေကိုလည်း ၆ နှစ်အတွင်း ပထမဆုံးအကြိမ် ပိတ်ပစ်ခဲ့ရသလို လန်ဒန်မြို့က သိမ်းမြစ် ရေတံခါးကိုလည်း ၂ ရက်ဆက်ပြီး ပိတ်ထားရပါတယ်။

အဲဒီ မုန်တိုင်းကြီးကြောင့် ကြာသတေးနေ့က ဗြိတိန်မှာ လူ ၂ ဦး သေဆုံးခဲ့ရသလို ဒိန်းမတ်နိုင်ငံမှာလည်း လေပြင်းဒဏ်ကြောင့် ထရပ်ကား တိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ