အင်္ဂါဂြိုဟ်မှာ ရေရှိခဲ့ဖူး

gale mars
Image caption တိမ်ကောနေတဲ့ Gale ရေအိုင်ဟောင်းကြီး

နာဆာ အမေရိကန် အာကာသ အေဂျင်စီရဲ့ Curiosity အာကာသ ယာဉ်က ရယူ ရိုက်ကူး ထားတဲ့ ဓာတ်ပုံ အချက်အလက် တွေအရ ကမ္ဘာပေါ်က ဇီဝ ပိုးမွှားတွေ အသက် ရှင်သန် နေထိုင်နိုင်တဲ့ ရေအိုင်ကြီး တအိုင်ကို အင်္ဂါ ဂြိုဟ်မှာ တွေ့ရှိ ခဲ့ပါတယ်။

chemolithoautotrophs အမည်ရတဲ့ ဒီပိုးမွှား တွေဟာ အသက်ရှင် ရပ်တည်ဖို့ အလင်းရောင် မလိုအပ်ပေမယ့် ကျောက်ခဲနဲ့ ဓာတ်သတ္တု တွေကို ဖြိုခွဲပြီး စွမ်းအင် ထုတ်ယူ ကြောင်း သိပ္ပံ ပညာရှင် တွေက ပြောဆို ပါတယ်။

ဒီပိုးမွှားတွေက ကမ္ဘာပေါ်က သမုဒ္ဒရာ ကြမ်းပြင်နဲ့ လိုဏ်ဂူတွေ ထဲမှာ တည်ရှိ ကြပါတယ်။

Gale ချိုင့်ကြီး လို့ ခေါ်တဲ့ တိမ်ကော နေတဲ့ ရေအိုင်ဟောင်း ကြီးဟာ ကမ္ဘာပေါ်က အိုင်တွေနဲ့ အလွန် တူကြောင်း သိပ္ပံ ပညာရှင် တွေက ပြောဆို ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ