ယူကရိန်း ဆန္ဒပြသူတွေနဲ့ သမ္မတ ညှိမယ်

Image caption ယူကရိန်း အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကို ပန်းစည်းကမ်းနေသူ တစ်ဦး။

ယူကရိန်းနိုင်ငံ ကိယက်မြို့တော်က အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့ လွတ်လပ်ရေးရင်ပြင်မှာ တင်းမာမှုတွေကို လျော့ချဖို့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ ချထားပါတယ်။

သမ္မတ ဗစ်တာ ယာနူကိုဗစ်က အတိုက်အခံတွေနဲ့ မျက်နှာချင်းဆိုင် ညှိနှိုင်းအစည်းအဝေးကို တက်မယ်လို့ ပြောပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီအကဲ ကက်သရင်း အက်ရှ်တန်ဟာ မနက်ဖြန်မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲတွေအတွက် ယူကရိန်းကို ထွက်ခွာသွားပါတယ်။

ဆန္ဒပြသူတွေက အစိုးရနှုတ်ထွက်ရေး၊ ရွေးကောက်ပွဲအသစ် ပြုလုပ်ပေးရေးနဲ့ အီးယူနဲ့ ပိုနီးနီးကပ်ကပ် ဆက်ဆံရေး စတာတွေကို တောင်းဆိုနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ