မန်ဒဲလား ရုပ်ကလာပ် ဂါရဝပြုသူတွေ ပြည့်နှက်

Image caption မန်ဒဲလားရဲ့ ရုပ်ကလပ်

တောင်အာဖရိက နိုင်ငံ ပရီတိုးရီးယား မြို့က Union အဆောက်အဦမှာ ဂါရဝပြု ခံယူဖို့ ထားရှိတဲ့ ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ ရုပ်ကလာပ်ကို မိသားစုတွေ၊ တောင်အာဖရိက ပြည်သူ တွေနဲ့ ပြည်ပက ဂုဏ်သရေရှိသူတွေနဲ့ ပြည့်နှက်နေပါတယ်။

၁၉၉၄ ခုနှစ်က တောင်အာဖရိကရဲ့ ပထမဆုံး လူမည်း သမ္မတ ဖြစ်လာခဲ့သူ၊ အသားအရောင်ခွဲခြားမှုကို ဦးဆောင် ဆန့်ကျင် ခဲ့သူ ဖြစ်တဲ့ မစ္စတာ မန်ဒဲလားကို နောက်ဆုံး နှုတ်ဆက်ကြဖို့ လူတွေ ထောင်နဲ့ချီပြီး တန်းစီ နေကြပါတယ်။

မှန် အဖုံးနဲ့ ထားရှိတဲ့ မစ္စတာ မန်ဒဲလား ရဲ့ ရုပ်ကလာပ်ကို ဓာတ်ပုံရိုက်ခွင့် တားမြစ်ထားပါတယ်။

စောစောပိုင်းက Union အဆောက်အဦ ထဲကို တောင်အာဖရိက အမျိုးသားအလံ လွှမ်းခြုံထားတဲ့ မစ္စတာ မန်ဒဲလားရဲ့ ခေါင်းတလားကို မော်တော်ဆိုင်ကယ်တွေ၊ ကားတွေ ခြံရံထားတဲ့ ဂုဏ်ပြုတပ်တွေနဲ့ သယ်ဆောင်လာတဲ့ အချိန်ကတော့ စောင့်စားနေကြတဲ့ လူတွေက အော်ဟစ် ကြွေးကြော်ခဲ့ကြပြီး လမ်းမပေါ်ကို ပန်းတွေ ကျဲချခဲ့ကြပါတယ်။

အဆောက်အဦထဲကို ရောက်လာခဲ့ချိန်မှာတော့ စစ်တီးဝိုင်းက တောင်အာဖရိက နိုင်ငံတော် သီချင်းကို တီးမှုတ်ခဲ့ပါတယ်။

အဲဒီမှာ သုံးရက်ကြာ ထားရှိမှာ ဖြစ်ပါတယ်။ မစ္စတာ မန်ဒဲလားဟာ ကြာသပတေးနေ့က ကွယ်လွန်သွားတာဖြစ်ပြီး စျပနကိုတော့ တနင်္ဂနွေနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ညနေပိုင်းမှာ တောင်အာဖရိက နိုင်ငံက အနုပညာရှင်တွေက မစ်စတာ မန်ဒဲလား အထိမ်း အမှတ် ဖျော်ဖြေပွဲ လုပ်ကြမှာ ဖြစ်ပြီး အများပြည်သူ ကိုလည်း ဖွင့်ပေးမှာ ဖြစ်ပါတယ်။

Union အဆောက်အဦ မျက်နှာချင်းဆိုင်က ရှေးခေတ် ကပွဲရုံကိုလည်း မစ္စတာ မန်ဒဲလားကို ဂုဏ်ပြုတဲ့ အနေနဲ့ သူ့နာမည် ပေးဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ