ကာတာလိုးနီးယား ဆန္ဒခံယူပွဲ စပိန်ကန့်ကွက်

Mariano Rajoy
Image caption ဆန္ဒခံယူပွဲ တရားမဝင်လို့ဆို

စပိန် အနောက်မြောက်ပိုင်း ကာတာ လိုးနီးယား ပြည်နယ် က လုပ်ဖို့ ကြေညာ ထားတဲ့ လွတ်လပ် ရေး ဆန္ဒ ခံယူပွဲ ဟာ ဖွဲ့စည်းပုံနဲ့ မညီလို့ ကျင်းပ လို့ မရဘူး လို့ စပိန် ဝန်ကြီးချုပ် Mariano Rajoy က ပြောကြား လိုက် ပါတယ်။

ဆန္ဒ မဲကောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဆွေးနွေး ပြောဆို နေစရာ မလိုဘူး၊ ညှိနှိုင်းဖို့ မရှိဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ Rajoy က ပြောကြား ခဲ့ပါတယ်။

နောက်နှစ် နိုဝင်ဘာမှာ ဆန္ဒ ခံယူပွဲ လုပ်ဖို့ ကာတာလန်း အစိုးရက ရက်သတ်မှတ် ထားပါတယ်။

အဲဒိ ဆန္ဒ ခံယူပွဲမှာ ကာတာလိုးနီးယား နိုင်ငံသီးခြား ဖြစ်သင့်သလား၊ လွတ်လပ်ရေး ယူသင့်သလား ဆိုတဲ့ မေးခွန်းတွေ မေးမှာ ဖြစ်ပါတယ်။

စပိန် အခြေခံ ဥပဒေ အရ ဆန္ဒခံယူပွဲ ကို ဗဟို အစိုးရ ကသာ ကြီးမှူး ကျင်းပ လို့ ရပါတယ်။