တောင်ဆူဒန်မှာ အာဏာသိမ်းဖို့ တိုက်ပွဲဖြစ်

Image caption ဒုတိယ သမ္မတ (ဝဲ)ကို ထုတ်မပစ်မီက သမ္မတ (ယာ) နဲ့ အတူတွေ့ရစဉ်။

တောင်ဆူဒန် သမ္မတ ဆာလ်ဗာ ကီယားက နိုင်ငံမှာ အာဏာသိမ်းရန် ကြိုးပမ်းချက် တစ်ခု ကို သူ့တပ်ဖွဲ့တွေက မြို့တော် ဂျူးဘာ မှာ ညလုံးပေါက် တိုက်ခိုက်ပြီး ချေးမှုန်းနိုင်ခဲ့တယ် လို့ ပြောပါတယ်။

ဒုတိယ သမ္မတဟောင်း ရီယက် မာချာကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက မနေ့ညက အကြမ်းဖက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

မစ္စတာ ကီယားက မြို့တော်မှာ ညမထွက်ရ ကာဖြူးအမိန့်ကို ထုတ်ပြန်ထားလိုက်ပြီး အခုတော့ အစိုးရက အခြေအနေတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။

ပြိုင်ဘက် တပ်ဖွဲ့ဝင်တွေ အကြား နာရီပေါင်းအတော်ကြာ တိုက်ပွဲကြီးတွေ ဖြစ်ပွားခဲ့ပြီး ထိခိုက် သေကျေမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

ပစ်ခတ်မှုတွေကတော့ အခုအချိန်မှာ ငြိမ်သက်သွားပြီလို့ ဆိုပါတယ်။

မစ္စတာ ကီယားက သူ့ရဲ့ ဒုတိယ သမ္မတ အပါအဝင် အစိုးရ ကက်ဘိနက် တစ်ခုလုံးကို ဇူလိုင်လတုန်းက ထုတ်ပစ်လိုက်တဲ့အတွက် အဲဒီအချိန်ကစပြီး တောင်ဆူဒန် နိုင်ငံမှာ နိုင်ငံရေး တင်းမာမှုတွေ အရှိန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ