ကူညီငွေ ဒေါ်လာ ၁၃ ဘီလျံ ကုလသမဂ္ဂ တောင်းခံ

Image caption ဆီးရီးယား ၁၁ သန်းကျော်ဟာ အစားအစာ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ဆို

ကမ္ဘာလုံးဆိုင်ရာ အကူအညီတွေအတွက် ဒေါ်လာ ၁၃ ဘီလျံ နီးပါး အကူအညီ ရရှိဖို့ ကမ္ဘာ့ ကုလသမဂ္ဂက မေတ္တာရပ်ခံ ပန်ကြား လိုက်ပါတယ်။

ကုလသမ္ဂဟာ ဒီလောက်များပြားတဲ့ ပမာဏမျိုးကို ယခင်က တောင်းဆိုခဲ့ဖူးခြင်း မရှိပါဘူး။ အခု တောင်းခံငွေထဲက တစ်ဝက်ဟာ ဆီးရီးယား ပြည်သူတွေအတွက် ကူညီဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံလူဦးရေရဲ့ တစ်ဝက်စာ ရှိတဲ့ ဆီးရီးယား ဒုက္ခသည် ၁၁ သန်း ကျော်ဟာ အရေးပေါ် အစားအစာ၊ ရေနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အဝိုင်းခံထားရတဲ့ မြို့တွေမှာ ပိတ်မိနေတဲ့ ဆီးရီးယား ပြည်သူတွေဟာ လပေါင်းများစွာ အကူအညီ မရတာ၊ ဒါမှာမဟုတ် အကူအညီ နည်းနည်းလေးသာ ရရှိနေကြတာ ဖြစ်ပါတယ်။

တခါ တိုင်းပြည်ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကလည်း ဒုက္ခသည်စခန်းတွေမှာ အကူအညီတွေ လိုအပ်နေကြပါတယ်။

ဒုက္ခသည်တွေဟာ ကမ္ဘာကြီးက သူတို့ကို ပစ်ပယ်ထားကြတယ်လို့ ခံစားနေကြရကြောင်း ကုလသမဂ္ဂ လူသားချင်း ကူညီထောက်ထားမှု ဆိုင်ရာ အကြီးအကဲ ဗလာရီ အားမို့စ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ