တောင်ဆူဒန် တိုက်ခိုက်မှု ဒုသမ္မတ ငြင်းဆို

Image caption တိုက်ခိုက်မှုတွေကြောင့် တောင်ဆူဒန်မှာ ဒုက္ခသည်တွေ တိုးလာနေ

တောင်ဆူဒန် နိုင်ငံရဲ့ အရင် ဒုတိယ သမ္မတ ရီးယက် မာချား Riek Machar က အာဏာသိမ်းဖို့ သူ ဦးဆောင် ကြိုးစားခဲ့တယ် ဆိုတာ မဟုတ်ဘူးလို့ ငြင်းလိုက်ပါတယ်။

သူဟာ ဒီမိုကရေစီကို ယုံကြည်သူ ဖြစ်ပြီး အစိုးရ အပြောင်းအလဲကို ရွေးကောက်ပွဲနဲ့ လုပ်ရမယ် ဆိုတာကို ယုံကြည်ကြောင်း၊ ဒါကြောင့် အာဏာ သိမ်းဖို့လဲ မကြိုးစားခဲ့ကြောင်း၊ အာဏာသိမ်းရင်လည်း ပါမှာ မဟုတ်ကြောင်း မစ္စတာ မာချာက ပြောသွားပါတယ်။

မြို့တော် ဂျူဘာမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့မှုအတွက် တိုက်ရိုက် တာဝန်ရှိတာက သမ္မတ ဆဲဗာ ကီးယာ Salva Kiir ဖြစ်ပြီး သူ့ရဲ့ ချို့ယွင်းချက်ကို ဖုံကွယ်ဖို့ ကြိုးစားခဲ့တာသာ ဖြစ်တယ်လို့ သူက ဘီဘီစီ နဲ့ ပြောကြားရာမှာ စွပ်စွဲခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ် ဆိုပြီး သမ္မတ မစ္စတာ Kiir က သူ့ရဲ့ ဒုတိယ သမ္မတကို အစောပိုင်းက စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

Mr Machar ဟာ ပြိုင်ဘက် လူမျိုးစု မျိုးနွယ်အုပ်စု တစ်ခုက ဖြစ်ကာ အစိုးရ တပ်ဖွဲ့တွေရဲ့ လိုက်လံ ဖမ်းဆီမှုကနေ ထွက်ပြေးနေရပြီး အခုအခါ ဂျူဘာ မြို့စွန် တစ်နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေဟာ အခုတော့ ဂျူဘာကနေ ဘိုအာ အပါအဝင် တခြားမြို့ကြီးတွေဆီ ပြန့်သွားခဲ့ပြီး ဘိုအာမြို့မှာ စစ်တန်းလျား ၂ ခုကနေ ပြင်းပြင်းထန်ထန် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ