အမေရိကန် ငွေတိုက်စာချုပ် ထုတ်ရောင်းမှု လျော့မယ်

Image caption အမေရိကန် ဗဟိုဘဏ် ဥက္ကဌ Ben Bernanke

အမေရိကန်မှာ အလုပ်အကိုင် စျေးကွက် အခြေအနေ တောင့်တင်း ခိုင်မာ လာတာကြောင့် စီးပွားရေး တိုးမြှင့်အောင် လုပ်ပေးတဲ့ အဓိက မဟာဗျူဟာ တခုကို ပြန်လျော့ဖို့ စတင် လုပ်ဆောင်တော့မယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

အမေရိကန် အစိုးရ ငွေတိုက်စာချုပ် ရိုက်ထုတ် ရောင်းချနေမှုကို လာမယ့် ဇန္နဝါရီ ကစပြီး တလကို တဆယ် ဘီလီယံဖိုး လျော့ပစ်တော့မယ်လို့ ဗဟိုဘဏ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ တလကို အမေရိကန် ဒေါ်လာ ၈၅ ဘီလီယံဖိုး ငွေတိုက်စာချုပ်တွေ ရောင်းချနေတာ ဖြစ်ပါတယ်။

အလုပ်လက်မဲ့နှုန်းကျဆင်းနေတဲ့ အတွက် အလုပ်အကိုင် စျေးကွက် အခြေအနေက ဆက်ကောင်းနေပေမယ့် အလုပ်လက်မဲ့ ပြဿနာ ဟာ ရေရှည် ပြဿနာ အဖြစ် ဆက်ရှိနေသေးတာဟာ စိုးရိမ်စရာဘဲလို့ သတင်းစာ ရှင်းလင်းပွဲမှာ ဗဟိုဘဏ် ဥက္ကဌ ဘန်ဘနန်ကီးက ပြောပါတယ်။

အလုပ်လက်မဲ့နှုန်းဟာ ၆.၅ ရာခိုင်နှုန်းအောက် ကျသွားခဲ့ပြီးတဲ့နောက် ရေတို အတိုးနှုန်းကိုလည်း အနိမ့်ဆုံးမှာ ဆက်လက် ချထားနိုင်ဖို့ ဗဟိုဘဏ်က မျှော်လင့်နေပါတယ်။