လိင်တူ ဥပဒေ ပြန်သုံးသပ်ဖို့ အိန္ဒိယအစိုးရ ပန်ကြား

Image caption လိင်တူ အခွင့်အရေး တောင်းဆိုသူတစ်ဦး။

အိန္ဒိယနိုင်ငံမှာ ၁၉ ရာစုတုန်းက ပြဋ္ဌာန်းခဲ့တဲ့ လိင်တူ ဆက်ဆံခြင်းဟာ ရာဇဝတ်မှု မြောက် တယ်ဆိုတဲ့ ဥပဒေကို မူလအတိုင်း ဆက်ထားဖို့ အိန္ဒိယ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ဖို့ အိန္ဒိယ အစိုးရကနေ တရားရုံးချုပ်ကို မေတ္တာရပ်ခံလိုက်ပါတယ်။

အခုလ အစောပိုင်းက ကြေညာလိုက်တဲ့ တရားရုံး ချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ တန်းတူညီမျှမှု ဆိုတဲ့ အခြေခံ ရပိုင်ခွင့်ကို ချိုးဖောက်ရာ ရောက်တယ်လို့ ယုံကြည်ရကြောင်း အစိုးရဘက်က ပြောပါတယ်။

ဒီဥပဒေ အတိုင်းဆိုရင် အိန္ဒိယနိုင်ငံမှာ living together နေကြတဲ့ လိင်တူ ချစ်သူတွေဟာ ထောင်ကျခံရနိုင်ဖို့ ရှိပါတယ်။ ဒီအတွက် လိင်တူ ချစ်သူများ အရေး တက်ကြွ လှုပ်ရှားသူ ရာပေါင်းများစွာဟာ ဒီ ဥပဒေအပေါ် ကန့်ကွက်တဲ့အနေနဲ့ အိန္ဒိယ နိုင်ငံတလွှား ဆန္ဒပြခဲ့ကြပါတယ်။

တရားရုံးချုပ်ကတော့ ဥပဒေ ပြောင်းလဲ ဖို့ဆိုရင် ပါလီမန်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ