လစ်ဗျားမှာ အင်တာနက် ချိတ်ဆက်မရလို့ ဆန္ဒပြသူတွေ ကုမ္ပဏီကို ၀င်စီးနင်း

Image caption ၀န်ကြီးချုပ် အလီဇေဒန်း နုတ်ထွက်ပေးဖို့ တောင်းဆို

လစ်ဗျား နိုင်ငံ အနောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ အင်တာနက်လိုင်းတွေ ချိတ်ဆက်မရ ဖြစ်နေတာကြောင့် ဆန္ဒပြသူတွေက နိုင်ငံမှာ အင်တာနက် ၀န်ဆောင်မှုပေးနေတဲ့ အဓိက ကုမ္ပဏီကြီးကို ၀င်ရောက် စီးနင်းခဲ့ကြပါတယ်။

တုတ်ဓါးတွေ ကိုင်ဆောင်ထားတဲ့ လူ၁၅၀ ကျော်လောက်ဟာ ထရစ်ပိုလီမြို့တော်က အစိုးရပိုင် ဆက်သွယ်ရေးနဲ့ နည်းပညာ ကုမ္ပဏီ ဌာနချုပ်ကို ၀င်ရောက် စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသမားတွေဟာ ဝန်ကြီးချုပ် အလီဇေဒန်း ရာထူးက နုတ်ထွက်ပေးရေး တောင်းဆိုနေကြတယ်လို့ ကုမ္ပဏီ ပြောခွင့်ရသူတယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီဆန္ဒပြသမားတွေကို ဘယ်သူက ဦးဆောင်သလဲ ဆိုတာကတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။