Greenland ရေခဲလွှာအောက်မှာ ရေလှောင်ကန်သဖွယ်တွေ့ရ

Image caption Greenland က ရေခဲပြင်ထုနဲ့ အရည်ပျော်မှု အခြေအနေ

အာတိတ်နဲ့ အတ္တလန်တိတ် သမုဒ္ဒရာ နှစ်ခုကြားမှာ ရှိတဲ့ Greenland ကျွန်းနိုင်ငံ က ရေခဲလွှာထုအောက်မှာ ဆောင်းရာသီမှာတောင် အဲဒီရေတွေက အေးခဲမသွားဘဲ အရည်အဖြစ် ဆက်ရှိနေတဲ့ ရေခဲကနေပျော်သွားတဲ့ ရေတွေကို ကျယ်ပြန့်တဲ့ ရေလှောင်ကန်ကြီး သဖွယ် သုတေသီတွေ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

အဲဒီ ရေလွှာကြောကြီးမှာ ရေတွေက တန်ချိန်ပေါင်း ဘီလီယံ ၁၄၀ လောက်ရှိပြီး ပင်လယ်ရေမျက်နှာပြင်ကို 0.4 မီလီမီတာလောက် မြင့်တက်သွားနိုင်တဲ့ ပမာဏ ဖြစ်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပေမယ့် ဒီရေတွေ သမုဒ္ဒရာထဲ စီးဆင်းသွားနိုင်သလား ဆိုတာကတော့ တိတိကျကျ မသိရသေးပါဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ဂရင်းလန်းက ရေခဲလွှာထု ပျော်သွားတဲ့နှုန်း မြင့်တက်လာနေပေမယ့် ဒီရေတွေ အားလုံး ဘယ်ကိုရောက်ကုန်သလဲ ဆိုတာ သိပ္ပံပညာရှင်တွေ မသိကြသေးပါဘူး။