ခရစ်စမတ်ကို ကြိုဆိုကြပြီ

Image caption ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်

ကတ်သလစ် ခရစ်ယာန် ဘာသာ၀င်တို့ အထွတ်အမြတ် ထားရာ ဗာတီကန်မှာ ခရစ်စမတ် ကို ကြိုဆိုတဲ့ အခမ်းအနားတွေ စတင် ကျင်းပနေပါပြီ။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က St Peter ရင်ပြင်မှာ ကျင်းပတဲ့ ခရစ်စမတ် ဘာသာရေး ပွဲတော်မှာ ရိုးရာဓလေ့ ထုံးစံတွေနဲ့ ဦးဆောင် ကြီးမှူးခဲ့ပြီး ဒါဟာ သူ့အတွက် ဗာတီကန်မှာ ကျင်းပတဲ့ ပထမဆုံး ခရစ်စမတ်လည်း ဖြစ်ပါတယ်။

ကမ္ဘာတလွှားက ထောင်သောင်းချီတဲ့ ခရစ်ယာန် ဘာသာ၀င်တွေဟာ Basilica ဘာသာရေး အဆောက်အဦထဲကို ဝင်ခွင့်ရဖို့ တန်းစီ စောင့်စားနေကြပါတယ်။

ဒါ့အပြင် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းက Bethlehem မြို့မှာလည်း ခရစ်စမတ် ကြိုဆိုတဲ့အခမ်းအနားတွေကို ကျင်းပဖို့ ကမ္ဘာတလွှားက ခရစ်ယာန် ဘုရားဖူး တော်တော်များများက စုရုံးရောက်ရှိ လာကြပါတယ်။

သမ္မာ ကျမ်းစာထဲမှာ ဖော်ပြထားတဲ့ Jesus မွေးဖွားရာ နေရာ Nativity ဟာ အဲဒီအနားက ဘုရားရှိခိုးကျောင်းမှာ တည်ရှိတာ ဖြစ်ပါတယ်။