မိုက်ကယ် ရှူးမက်ကာ အတွက် ကမ္ဘာတလွှားက လူတွေ စိုးရိမ်ပူပန်

Image caption Michael Schumacher ဆေးကုသမှု ခံယူနေတဲ့ ဆေးရုံ

ပြင်သစ်က ရေခဲတောင်ပေါ်မှာ နှင်းလျောစီးရင်း ထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ အတွင်းလူနာ အဖြစ် ကုသမှု ခံယူနေရတဲ့ ဂျာမန်နိုင်ငံသား ကားမောင်းချန်ပီယံ မိုက်ကယ် ရှူးမက်ကာ ကို ကမ္ဘာတလွှားက လူတွေက စိုးရိမ်ခဲ့ကြသလို အားပေးမှုတွေ ပြခဲ့ကြပါတယ်။

အခုလို ရှူးမက်ကာ ဆေးကုသမှု ခံယူနေရကြောင်း သတင်းကြားရတဲ့ အတွက် ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် ကလည်း တခြား သန်းနဲ့ချီတဲ့ ဂျာမဏီ နိုင်ငံသားတွေနဲ့ အတူ အကြီးအကျယ် တုန်လှုပ်မိတယ်လို့ ပြောပါတယ်။

နာမယ်ကြီး ဖော်မြူလာဝမ်း ကားမောင်းသမားတယောက်လည်းဖြစ် ကမ္ဘာချန်ပီယံ လေးကြိမ်တိုင် ဆွတ်ခူးခဲ့ဖူးသူ ဆီဘတ်စတီယံ ဗက်တဲလ် ကလည်း မစ္စတာ ရှူးမက်ကာ တယောက် အမြန်ပြန်လည် နေကောင်းလာပါစေလို့ ဆန္ဒပြုပေးခဲ့ပါတယ်။

မိုက်ကယ် ရှူးမက်ကာ ဟာ ဦးနှောက် ခွဲစိတ်ကုသမှု ခံယူပြီးတဲ့နောက် သတိမေ့မြော နေဆဲ ဖြစ်ပါတယ်။

ဆရာဝန်တွေကတော့ သူ့ကျန်းမာရေး အခြေအနေကို ကြိုတင်မခန့်မှန်းနိုင်သေးဘူးလို့ ဆိုပါတယ်။