မက္ကဆီကန် ရှေ့နေကို လိုင်စင် ထုတ်ပေး

Sergio Garcia
Image caption သစ်သီးခူးဖို့ အမေရိကကို ရောက်လာသူ

ကယ်လီဖိုးနီးယားကို တရားမဝင် ဝင်လာတဲ့ မက္ကဆီကန် လူမျိုး ရှေ့နေ တယောက်ကို ရှေ့နေ လိုင်စင် ထုတ်ပေးဖို့ ကယ်လီဖိုးနီးယား ပြည်နယ် တရားရုံးချုပ်က ဆုံးဖြတ် လိုက်ပါတယ်။

Sergio Garcia ဟာ သူ့ဖခင် နဲ့အတူ သစ်သီးခူးတဲ့ အလုပ်လုပ်ဖို့ ဆယ်ကျော်သက် ကတည်းက အမေရိကန်ကို ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။

ကုန်စုံဆိုင်မှာ အလုပ်လုပ်ပြီး ဥပဒေကျောင်း တက်ခဲ့တဲ့ Garcia ဟာ ရှေ့နေ စာမေးပွဲကို ပထမ တချီတည်းနဲ့ အောင်သွား ခဲ့ပါတယ်။

လူဝင်မှု နောက်ခံကို မကြည့်ဘဲ အရည်အချင်း ပြည့်မီသူကို ရှေ့နေ လိုက်ခွင့် ပေးတဲ့ ဥပဒေ ကို ကယ်လီဖိုးနီးယား လွှတ်တော်က မနှစ်က ပြဋ္ဌာန်း ခဲ့ပါတယ်။

စိုက်လိုက် မတ်တတ်နဲ့ ကြိုးစားမှု ရှိသူတိုင်း အတွက် အမေရိကမှာ နေရာ ရှိကြောင်း သူ့အမှုက သက်သေပြ နေတယ်လို့ မစ္စတာ Garcia က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ