ဆူဒန်နဲ့ တောင်ဆူဒန် သမ္မတ နှစ်ဦး ဆွေးနွေး

Image caption တောင်ဆူဒန်သမ္မတ (ဝဲ)နဲ့ ဆူဒန်သမ္မတ (ယာ)

ဆူဒန် သမ္မတ အိုမာအဲလ် ဘာရှားဟာ တောင်ဆူဒန် သမ္မတ ဆာလ်ဗာကီးယားနဲ့ တောင်ဆူဒန် မြို့တော် ဂျူဘာမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ တောင်ဆူဒန်နိုင်ငံမှာ ငြိမ်းချမ်းစွာ အဖြေရှာရေး အတွက် ထောက်ခံ အားပေးသွားမှာ ဖြစ်တယ်လို့ ဆူဒန်ဘက်က ပြောပါတယ်။

ပဋိပက္ခတွေကြောင့် တောင်ဆူဒန်မှာ လူပေါင်း သိန်းနဲ့ချီ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

၂၀၁၁ ခုနှစ်က လွတ်လပ်ရေး ရခဲ့တဲ့ တောင်ဆူဒန်ဘက်ကနေ ဆူဒန်ဘက်ကို ဖြတ်ကျော်ထားတဲ့ နိုင်ငံခြား တင်ပို့တဲ့ ရေနံပိုက်လိုင်းက ရရှိတဲ့ ဝင်ငွေအပေါ် ဆူဒန်က မှီခိုနေရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ ကလည်း တောင်ဆူဒန် အစိုးရနဲ့ သူပုန်တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ အီသီယိုပီးယား နိုင်ငံ အဒစ် အဘာဘာမှာ တွေ့ဆုံဖို့ ရှိပြီး မစ္စတာ ဝမ်က အပစ်အခတ် ရပ်စဲဖို့ကို တောင်းဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ