တောင်ဆူဒန်မှာ အစိုးရတပ်တွေ ချီလာလို့ လူတွေပြေး

Image caption ပြည်တွင်းစစ်ကြောင့် အိုးအိမ်ပစ်ပြေးနေရတဲ့ ပြည်သူတွေ

တောင်ဆူဒန်က သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဘန်တီယိုးမြို့ကို အစိုးရတပ်တွေ ချီတက်လာနေပြီဆိုတဲ့ သတင်းကြောင့် လူထောင်နဲ့ ချီထွက်ပြေးနေကြပါတယ်။

ရေနံကြွယ်ဝတဲ့ အဲဒီဒေသကို သူပုန်တွေလက်ထဲကနေ အစိုးရက ပြန်သိမ်းနိုင်ဖို့ စစ်ဆင်ရေးလုပ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ အဲဒီဒေသမှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အစိုးရ တပ်ဖွဲ့တွေက တပ်ချီလာတာကြောင့် သူပုန်ဖက်က တိုက်ခိုက်ရေးသမားတွေ ဆုတ်ခွာ နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်မှာ သမ္မတ ဆယ်လ်ဗာ ကီးယားက သူ့ရဲ့ ဒုတိယ သမ္မတဟောင်း ရီးရက်မက်ရှားကို အာဏာသိမ်းဖို့ ကြံစည်တယ်လို့ စွပ်စွဲခဲ့ပြီးနောက်ပိုင်းနှစ်ဘက်ထောက်ခံသူတွေကြား တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။

အခု ဘန်တီယိုးမြို့ကို ဒုတိယ သမ္မတဟောင်း ရီးမက်ရှားကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒီကြားထဲမှာ အစိုးရက အာဏာသိမ်းဖို့ကြံစည်တယ်ဆိုပြီး မစ္စတာ မက်ရှားရဲ့ မဟာမိတ် ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တာကြောင့် နှစ်ဘက်ကြား အပစ်အခတ်ရပ်စဲရေး ပြောဆိုဆွေးနွေးမှုတွေမှာ တိုးတက်မှု မရှိသလောက် ဖြစ်နေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ