ငွေလိမ်တဲ့ သူဌေးကြီးကို ပြင်သစ်က ပြန်ပို့မယ်

Image caption ငွေ အကြီးအကျယ် လိမ်မှုနဲ့ အလိုရှိနေတဲ့ Ablyazov

ကာဇတ်နိုင်ငံ က ထွက်ပြေးလာခဲ့တဲ့ သူဌေးကြီး မွတ်ခတာ အဘဲလ်ယာဇော့ ကို ပြင်သစ်မှာ ရှိတဲ့ တရားရုံးတခုက သူ့နိုင်ငံကို ပြန်ပို့ဖို့ ဆုံးဖြတ် လိုက်ပါတယ်။

သူ့ကို ရုရှနဲ့ ယူကရိန်းနိုင်ငံတွေ က ငွေအကြီးအကျယ် လိမ်လည်မှု နဲ့ အလိုရှိနေကြတာပါ။

မစ္စတာ အဘဲလ်ယာဇော့ဟာ ကာဇတ်က ဘီတီအေ ဘဏ်ကနေ ဒေါ်လာ ဘီလီယံ များစွာ ခိုးထုတ်ခဲ့တယ် လို့ စွပ်စွဲကြပါတယ်။

အဲဒီ ဘဏ်ဟာ ရုရှ နဲ့ ယူကရိန်း နိုင်ငံတွေမှာလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သူဟာ ကာဇတ် နိုင်ငံက စွမ်းအင် ဝန်ကြီးဟောင်း တယောက်လည်း ဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်က ဗြိတိန် နိုင်ငံမှာ ခိုလှုံခွင့် တောင်းပြီး နေထိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာတော့ ဗြိတိန် တရားရုံး က သူဟာ ငွေလိမ်မှုနဲ့ အပြစ်ရှိသူလို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကို ပြင်သစ် တောင်ပိုင်းမှာ ဖမ်းဆီး မိခဲ့တာ ဖြစ်ပါတယ်။