တောင်ဆူဒန် အစိုးရ ဘန်တီယူကို ပြန်ရဖို့ နီး

Image caption ထောင်နဲ့ချီတဲ့ မြို့ခံတွေ ထွက်ပြေး

တောင်ဆူဒန် နိုင်ငံက ဘန်တီယူ မြို့ကို အစိုးရ စစ်တပ်ကနေ ပြန်သိမ်းနိုင်ဖို့ နည်းစပ်လာနေတဲ့ အခြေ အနေမှာ ရှိနေပြီလို့ စစ်တပ် ပြောခွင့်ရ သူက ပြောပါတယ်။

ဒီမြို့ကို ပြီးခဲ့တဲ့ လတုန်းက အရင် ဒုသမ္မတ ရီယက် မာချာကို သစ္စာခံတဲ့ သူပုန်တွေ ကနေ သိမ်းယူ ထားတာ ဖြစ်ပါတယ်။

အခုတော့ အစိုးရ တပ်တွေဟာ မြို့စွန်နား ဘက်ကို ဝင်ရောက် နေပြီ ဖြစ်ပြီး အဲဒီမှာ သူပုန်တွေဟာ အနည်းအကျဉ်းသာ ပြန်ခုခံတာ ရှိတယ်လို့ စစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။

တောင်ဆူဒန် ဆိုင်ရာ ကုလသမဂ္ဂ အရာရှိတဦးက ပြောကြားရာမှာတော့ မြို့ဘက်ကို အစိုးရတပ်တွေ ရှေ့တိုး ဝင်ရောက်ချိန်မှာ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ယူနတီ ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဒီ ဘန်တီယူ မြို့ဟာ ရေနံ ကြွယ်ဝတဲ့ မြို့ဖြစ်ပြီး အခုတော့ တိုက်ပွဲတွေကြောင့် အဲဒီကနေ အရပ်သားတွေ ထောင်နဲ့ချီ ထွက်ပြေးလာနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ