ရှရွန် ရုပ်ကလာပ် ပါလီမန်ရွှေ့

Sharon
Image caption ၈ နှစ်ကြာ မေ့မျော နေခဲ့တဲ့ မစ္စတာ ရှာရွန်

ကွယ်လွန်သွားတဲ့ အစ္စရေး ဝန်ကြီးချုပ်ဟောင်း အာရီယယ်လ် ရှရွန်ရဲ့ ရုပ်ကလာပ်ကို အစ္စရေး ပါလီမန် အပြင်ဘက် မှာ ထောင်နဲ့ချီတဲ့ ပူဆွေးသူ တွေက လာရောက် ဂါရဝ ပြုခဲ့ ကြပါတယ်။

ဒီလူတွေကို အစ္စရေး သမ္မတ ရှီမွန် ပဲရက်ဇ်က ဦးဆောင်ခဲ့ပြီး ပန်းခွေချ အလေးပြု ခဲ့ပါတယ်။

သူ့ရဲ့ ရုပ်ကလာပ် တင်ဆောင်လာတဲ့ ခေါင်းတလား ကို စစ်ယာဉ်တန်းနဲ့ သယ်ဆောင် လာပြီး ဂုဏ်ပြုတပ်ဖွဲ့က စင်မြင့်ပေါ် သယ်ယူ ခဲ့တာ ဖြစ်ပါတယ်။

၈ နှစ်ကြာ မေ့မျော နေခဲ့တဲ့ မစ္စတာ ရှာရွန်ဟာ စနေနေ့က ကွယ်လွန် သွားခဲ့ပါတယ်။

တနင်္လာနေ့မှာ အစ္စရေး နိုင်ငံရေး သမား တွေရဲ့ အထူး ဂုဏ်ပြုပွဲ ကျင်းပမှာ ဖြစ်ပြီး အစ္စရေး တောင်ပိုင်း က သူ့ယာခင်း မှာပဲ သူ့ကို မြှုပ်နှံ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

တကမ္ဘာလုံးက ထင်ရှားတဲ့ ခေါင်းဆောင်တွေ အများအပြား သူ့ရဲ့ ဈာပနကို တက်မယ်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ