ဘေဂျင်းမြို့ လေထု အန္တရာယ်ရှိတဲ့ အဆင့်ရောက်

ဓာတ်ပုံ မူပိုင် AFP
Image caption အန္တရာယ်ရှိတဲ့ အဆင့်ရောက်လာတဲ့ ဘေဂျင်းမြို့ ။

တရုတ် နိုင်ငံ ဘေဂျင်း မြို့တော်မှာ လေထု ညစ်ညမ်းမှု အန္တရာယ် ရှိတဲ့အဆင့် ရောက်လာ ပြီးတဲ့နောက် ကြိုတင် ကာကွယ်မှုတွေ လုပ်ကြဖို့ အစိုးရ အာဏာပိုင်တွေက မြို့ခံတွေကို သတိပေးခဲ့ပါတယ်။

WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့ အန္တရာယ်ကင်း သတ်မှတ်ချက်ထက် ၂၅ ဆ ကျော် ခဏကြာ ဖြစ်ခဲ့တယ်လို့ အမေရိကန် သံရုံးမှာ ရှိတဲ့ တိုင်းထွာ စောင့်ကြည့်ရေး စခန်းက ဗုဒ္ဓဟူးနေ့ ညက ပြောခဲ့ပါတယ်။

မီးခိုးမြူတွေကြောင့် မီတာရာကျော် အဝေးကို ရှင်းရှင်းလင်းလင်း မမြင်ရတဲ့ အပြင် သာမန်အားဖြင့် မြို့မှာ ထင်ထင်ရှားရှား မြင်ရတဲ့ မိုးမျှော် တိုက်ကြီးတွေဟာလည်း မှုန်ဝါး နေခဲ့ပါတယ်။

လေထုထဲမှာ ညှော်နံ့တွေလည်း ရနေခဲ့ပါတယ်။။

ဒီသတင်းနဲ့ပတ်သက်သမျှ