ထိုင်း ဝန်ကြီးချုပ်ကို အလွဲသုံးစားမှုနဲ့ စစ်ဆေးမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ယင်လတ်ကို စွဲချက်တင်မှုဟာ လက်ရှိ နိုင်ငံရေး တင်းမာမှုကို ပိုမို တွန်းအားပေးနိုင်

ထိုင်းနိုင်ငံက စပါး အပေါင်ခံတဲ့ စီမံကိန်းမှာ ငွေကြေး အလွဲသုံးစား လုပ်မှု ဆိုင်ရာ ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ် ကို ခေါ်ယူ စစ်ဆေးမယ် လို့ အမျိုးသား ငွေကြေး မသမာမှု ကာကွယ်ရေးနဲ့ နှိမ်နင်းရေး ကော်မရှင်က အတည်ပြု လိုက်ပါတယ်။

အဲဒီ စီမံကိန်းမှာ ငွေကြေး အလွဲသုံးစား လုပ်မှု ရှိခဲ့ကြောင်း တိုင်းကြားမှုတွေ အပေါ် အမျိုးသား ငွေကြေး မသမာမှု ကာကွယ်ရေးနဲ့ နှိမ်နင်းရေး ကော်မတီက စိစစ်ခဲ့ရာမှာ ငွေကြေး မသမာမှု အချက်အလက်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ကုန်သွယ်ရေး ဝန်ကြီးဟောင်း ဘွန်းစုန်း တေရိယား ဖိရုမ်း အပါအဝင် ၁၅ ယောက်ကို စွဲချက်တင်မှာ ဖြစ်ပါတယ်။

စပါးအပေါင်ခံတဲ့ စီမံကိန်းမှာ အခက်အခဲ ပြဿနာတွေ အများကြီး ရှိတာ သိပေမယ့် စပါးအပေါင်ခံ စီမံကိန်း ဥက္ကဋ္ဌ ဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်က စီမံကိန်းကို ရပ်ဆိုင်းခြင်း မလုပ်တာဟာ တာဝန် ပျက်ကွက်တာလို့ စုံစမ်းရေး ကော်မရှင်က ပြောပါတယ်။

အမျိုးသား ငွေကြေး မသမာမှု ကာကွယ်ရေးနဲ့ နှိမ်နင်းရေး ကော်မတီရဲ့ ဒီ အတည်ပြုချက်ဟာ လက်ရှိ နိုင်ငံရေး တင်းမာမှု ဆန္ဒပြပွဲကို ပိုမို တွန်းအားပေးသလို ဖြစ်စေ နိုင်တယ်လို့ သတင်းထောက်တွေက သုံးသပ် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ