လိင်တူဆက်ဆံရေး ကလေးတွေကို ဝါဒမဖြန့်ဖို့ ပူတင်ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှား သမ္မတ ဗလာဒီမြာ ပူတင်

ရုရှား သမ္မတ ဗလာဒီမြာ ပူတင်က နောက်လ ဆိုချီမြို့မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် အားကစား ပွဲတော်မှာ လိင်တူဆက်ဆံသူတွေ ပါဝင် ဆင်နွှဲဖို့ ကြိုဆိုပေမယ့် သူ့အပြောအရ ကလေးတွေကိုတော့ မနှောက်ယှက်ပါနဲ့ သူတို့ဖာသာ ငြိမ်းငြိမ်းချမ်းချမ်း နေပါစေလို့ ဆိုပါတယ်။

ဒါ့အပြင် လိင်တူ ဆက်ဆံရေးကို ရုရှားက မတားမြစ်ပါဘူး ၊ ဒါပေမယ့် ကလေးတွေကိုတော့ လိင်တူ ဆက်ဆံမှု ဆိုင်ရာ ဝါဒဖြန့်တာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ မစ္စတာ ပူတင်က ဆိုပါတယ်။

ဒီလို တားမြစ်ချက်ကို ကလေးအခွင့်အရေး စောင့်ရှောက်မှု တရပ်အနေနဲ့ ရုရှားက ကာကွယ် ပြောကြားပေမယ့် အကဲခပ် တွေကတော့ ဒါဟာ လိင်တူ ဆက်ဆံသူတွေကို ခွဲခြားဆက်ဆံတာဘဲလို့ လက်ခံ ယုံကြည် နေကြပါတယ်။

အခုလို ရုရှားရဲ့ တားမြစ်ချက်ကို နိုင်ငံတကာက အကြီးအကျယ် တုန့်ပြန်ခဲ့ကြပြီး ဒီအားကစားပွဲတော်ကို သပိတ်မှောက် ဆန္ဒပြကြဖို့ ဆော်သြခံခဲ့ရပါတယ်။