ပါကစ္စတန် စစ်ဌာနချုပ်အနီး အသေခံ ဗုံးခွဲ

ဓာတ်ပုံ မူပိုင် r
Image caption တိုက်ခိုက်မှု ဖြစ်ပွားရာ စစ်ဌာနချုပ် အနီး။

ပါကစ္စတန်နိုင်ငံ ရာဝါလ်ပန်ဒီ မြို့က စစ်ဌာနချုပ် အပြင်ဘက်မှာ အသေခံ ဗုံးခွဲသမား တစ်ဦးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၄ ယောက် သေဆုံး ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

စျေး အနားက လူရှုပ်တဲ့နေရာကို စစ်သားတွေ ဖြတ်လျှောက် သွားခဲ့တုန်း ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

သေဆုံးသူတွေ ထဲမှာ အရပ်သား ၈ ယောက်လည်း ပါဝင် ပါတယ်။

ပါစ္စတန် မြောက်ပိုင်းမှာ စစ်သားတွေ ပါတဲ့ ကားတန်း တိုက်ခိုက်ခံရလို့ စစ်သား ၂၀ သေဆုံး သွားခဲ့ အပြီး နောက်တစ်နေ့မှာ အခု တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ပါကစ္စတန်က တာလီဘန်တွေက တိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ