မြန်မာသံရုံး ဗုံးခွဲဖို့ ကြိုးကိုင်သူ ထောင် ၇နှစ်ခွဲချ

ဓာတ်ပုံ မူပိုင် AFP
Image caption ဆီဂျစ် အင်ဒရာဂျစ်ကို အမိန့်ချစဉ်။

အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့က မြန်မာ သံရုံးကို ပြီးခဲ့တဲ့ နှစ် မေလက ဗုံးခွဲဖို့ ကြံစည်မှုမှာ အဓိက ကြိုးကိုင်သူ ဆီဂျစ် အင်ဒရာဂျစ် Sigit Indrajit ကို ဂျာကာတာ တောင်ပိုင်း တရားရုံး ကနေ ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ဒီ စီရင်ချက်ကို လက်ခံတယ်လို့ တရားခံ အင်ဒရာဂျစ်က တရားသူကြီးကို ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်တွေ အတွက် ဘာမှ နောင်တရခြင်း မရှိဘူး လို့လည်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

အခုလ အစောပိုင်း တုန်းကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး ၂ ဦးကို ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီ တရားခံတွေက မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေ အပေါ် တိုက်ခိုက် နေမှုတွေ ရှိနေတာကြောင့် လက်စားချေတဲ့ အနေနဲ့ လုပ်တာလို့လည်း ထွက်ဆိုခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ