အခွန်မှုနဲ့ ထောင်ကျနေတဲ့ ရုရှသူဌေး ပြန်လွတ်မယ်

ဓာတ်ပုံ မူပိုင် AP
Image caption ခိုဒိုကော့ဗ်စကီး (ဝဲ)နဲ့ လက်ဘီဒက်ဗ် (ယာ)

ရုရှား အစိုးရကို ဝေဖန် ပြောဆိုသူ အရင်က ရေနံ သူဌေးကြီး မီခေးလ် ခိုဒိုကော့ဗ်စကီး ရဲ့ စီးပွားရေး မိတ်ဖက်ဟောင်း မစ္စတာ ပလေတန် လက်ဘီဒက်ဗ်ကို လွှတ်ပေးဖို့ ရုရှား နိုင်ငံ တရားရုံးချုပ်က အမိန့်ချမှတ် လိုက်ပါတယ်။

သူတို့ နှစ်ယောက် စလုံးကို အခွန် တိမ်းရှောင်မှုနဲ့ ၂၀၀၅ ခုနှစ်က ထောင်ချခဲ့တာပါ။

မီခေးလ် ခိုဒိုကော့ဗ်စကီး ကတော့ ပြီးခဲ့တဲ့ လကပဲ ပြန်လွတ်လာခဲ့ပါတယ်။

မစ္စတာ ပလေတန် လက်ဘီဒက်ဗ် ကတော့ မေလမှာ ပြန်လွတ်လာဖို့ ဖြစ်ပေမယ့် တရားရုံးချုပ်က သူ့ပြစ်ဒဏ်ကို လျှော့ပေါ့ပြီး လာမယ့်လ ဆိုချီမြို့မှာ စတင်မယ့် ဆောင်းရာသီ အိုလံပစ်ပွဲတွေ မတိုင်ခင် မနက်ဖြန် သောကြာနေ့မှာ ပြန်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အခွန် တိမ်းရှောင်မှု အတွက် သူတို့ နှစ်ယောက်လုံး ဒေါ်လာ သန်း ၅၀၀ ကျော်ကို ပြန်လည် ပေးဆပ်ဖို့ အမိန့်ကိုတော့ တရားရုံးက ဆက်လက် ထားရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ