အစုရှယ်ယာစျေးတွေ ကျဆင်း

ဓာတ်ပုံ မူပိုင် 1
Image caption Dow Jones index အတက်အကျပြတဲ့ ဇယား

ကမ္ဘာတလွှားမှာ အစုရှယ်ယာစျေးတွေ ပြုတ်ကျသွားခဲ့ပြီး ဒါဟာ ဖွံ့ဖြိုးလာတဲ့ နိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်မှု နှုန်း နှေးကွေးကလာတဲ့ အပေါ် စိုးရိမ်မှုတွေ ရှိနေတယ် ဆိုတာကို ထင်ဟပ်နေပါတယ်။

အမေရိကန်မှာ ဒေါင်းဂျုံး ဇယားဟာ နှစ်ရာခိုင်နှုန်း နီးပါး ကျဆင်း သွားခဲ့တာ ဖြစ်ပါတယ်။

ငွေကြေး မြုပ်နှံသူတွေဟာ အမေရိကန် အစိုးရ ငွေတိုက်စာချုပ် ၊ ရွှေနဲ့ ဂျပန် ယန်း အစား ပိုပြီး စိတ်ချရတဲ့ ပိုင်ဆိုင်မှုတွေကိုသာ ဝယ်ယူ စုဆောင်းနေပုံ ရပါတယ်။

၂ဝဝဂ ခုနှစ် စီးပွားရေး ကျဆင်းမှုနောက်ပိုင်း ကမ္ဘာ စီးပွားရေးကို ဖွံဖြိုးစ နိုင်ငံတွေက ဦးဆောင်ခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ တရုတ် ၊ တူရကီ နဲ့ တောင်အာဖရိက တို့ရဲ့ တိုးတက်မှုနှုန်းက အားရဖွယ် မရှိဘူး ဖြစ်နေတယ်လို့ ဘီဘီစီ စီးပွားရေး ဆိုင်ရာ သတင်းထောက်က ပြောပါတယ်။