Homs မြို့ကို ကယ်ဆယ်ရေး ယာဉ်တန်းဝင်ခွင့်ပြု

ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ

အခုအခါ အမျိုးသမီးနဲ့ ကလေးတွေကို Homs မြို့ဟောင်းကနေ ထွက်ခွင့်ပြုတော့မှာ ဖြစ်ပေမယ့် လက်နက်ကိုင်တွေက တားနေတယ်လို့ ဆီးရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။ လက်နက်ကိုင်တွေ ဖမ်းခံထားရတဲ့ လူစာရင်းကို အတိုက်အခံတွေက အစိုးရကိုပေးဖို့ သဘောတူကြောင်း ညှိနှိုင်းရေးမှူး ဘရာဟိမိက ဆိုပါတယ်။

ဒါပေမယ့် အဖက်ဖက်က ပြည့်စုံတဲ့သဘောတူညီချက်ရဖို့တော့ ပြောဖို့စောသေးကြောင်းသူကဆက်ပြောပါတယ်။

ဂျနီဗာရှိ ဘီဘီစီ သတင်းထောက် ဘရစ်ဂျင်ကင်ဒယ်ကတော့ အားလုံးစီစဉ်ထားတဲ့အတိုင်း ဖြစ်လာရင်တော့Homs သဘောတူညီချက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ပထမဆုံးခိုင်မာတဲ့ ရလဒ်လို့ပြောပါတယ်။

အတိုက်အခံနဲ့ အစိုးရတို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဦးတည်ချက်နဲ့ ပတ်သက်လို့ အခြေခံအားဖြင့် သဘောထား ကွဲနေပါတယ်။

အစိုးရဖက်ကတော့ နိုင်ငံခြားကကျောထောက် နောက်ခံပြုထားတဲ့ အကြမ်းဖက်မှုအတွက် ဖြေရှင်းရေးကလို့အဓိက ပြောပေမယ့် အတိုက်အခံကတော့ အစိုးရအနေနဲ့ ဂျီနီဗာဝမ်း သဘောတူညီချက်မှာ အသွင်ကူပြောင်းရေး အစီအစဉ်အတွက် အာမခံ လက်မှတ် ရေးထိုးရမယ်လို့ တောင်းဆိုပါတယ်။

အဲဒီစာချုပ်ထဲမှာ ဆီးရီးအနေနဲ့ လက်ရှိအစိုးရ အတိုက်အခံနဲ့ အခြားအဖွဲ့တွေပါဝင်မယ့် ကြားဖြတ် အစိုးရသဘောမျိုး ဖွဲ့ဖို့ တောင်းဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ