ဆီးရီးယား အစိုးရက နေအိမ်တွေ ထောင်ချီ ဖျက်ဆီးခဲ့

ဓာတ်ပုံ မူပိုင် AP
Image caption ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ ပုံတစ်ပုံ။

ဆီးရီးယား နိုင်ငံမှာ သမ္မတ အာဆတ်ကို ဆန့်ကျင်သူ သူပုန်တွေကို ထောက်ခံတယ်လို့ မသင်္ကာတဲ့ အရပ်သားတွေကို အပြစ်ပေးတဲ့ အနေနဲ့ ထောင်နဲ့ ချီတဲ့ သူတို့ နေအိမ်တွေကို ဆီးရီးယား အစိုးရက ဖျက်ဆီး ခဲ့ကြောင်း HRW လူ့အခွင့် အရေး စောင့်ကြည့်တဲ့ အဖွဲ့က စွပ်စွဲလိုက်ပါတယ်။

ဂြိုဟ်တု ကနေ ရိုက်ယူထားတဲ့ နေအိမ်တွေ ဖျက်ဆီး မခံရမီနဲ့ ဖျက်ဆီး ခံရပြီး ပုံတွေ အရ ဒမတ်စကပ်နဲ့ ဟာမာ မြို့တို့က အတိုက်အခံတို့ ရဲ့ အမာခံလို့ ယူဆရတဲ့ လူနေ ရပ်ကွက် တွေမှာ အားလုံး ပျက်စီးနေတာ ကို ပြနေပါတယ်။

၈ ထပ်တိုက် တိုက်ခန်းတွဲ အဆောက်အဦ အပါအဝင် အဆောက်အဦတွေကို ဖောက်ခွဲရေး ပစ္စည်းတွေ၊ မြေတူးစက်ကြီးတွေနဲ့ စစ်တပ်ရဲ့ ကြီးကြပ်မှု အောက်မှာ ဖျက်ဆီး ပစ်ခဲ့တာလို့ HRW က ပြောပါတယ်။

ဆီးရီးယား အစိုးရ ကတော့ တရားမဝင် အဆောက်အဦတွေကို ဖယ်ရှားတာလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ