ပါကစ္စတန်နဲ့ တာလီဘန် ဆွေးနွေးမှု စတင်

ဓာတ်ပုံ မူပိုင် AFP
Image caption တာလီဘန် ကိုယ်စားလှယ်အချို့ ဆွေးနွေးမှု မတိုင်ခင် ရက်က မီဒီယာနဲ့ တွေ့ဆုံ။

ပါကစ္စတန် အစိုးရနဲ့ တာလီဘန်တို့ ပထမဆုံး ဆွေနွေးပွဲ စတင် လိုက်ပြီလို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

၁၀ နှစ်ကြာ သွေးထွက်သံယို ပုန်ကန် ထကြွမှုတွေ အဆုံးသတ် နိုင်ရေး ကြိုးပမ်းတဲ့ အနေနဲ့ အစိုးရ ဘက်က ကိုယ်စားလှယ် ၄ ယောက်နဲ့ တာလီဘန် ဘက်က ၃ ယောက်တို့ လျှို့ဝှက် နေရာမှာ ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် နာဝါ့ဇ် ရှာရစ်ဖ်က ပုန်ကန် ထကြွမှုကို သူ့အနေနဲ့ ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းချင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲတွေ ပျက်ပြား သွားရင်တော့ ပိုမို ပြင်းထန်တဲ့ စစ်ရေး အရ အရေးယူ ဆောင်ရွက်မယ် ဆိုတာကိုလည်း အချက်ပြ ပြောဆိုခဲ့ ပါတယ်။

အစ္စလာမ် မာဘတ် မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်ကတော့ အခု ဆွေးနွေးပွဲတွေ အပေါ် လူအများက သံသယတွေ ရှိနေကြပြီး ဒါကို အစိုးရရဲ့ အားနည်းချက် တစိတ်တဒေသ အဖြစ်လည်း သဘောထားကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ