ထိုင်း ဆန္ဒပြ ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီး

ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရ ယာယီရုံးရှေ့မှာ ထိုင်း စစ်သားတွေ လုံခြုံရေး ယူထားစဉ်။

ထိုင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင် တစ်ယောက်ကို ထိုင်းအစိုးရက ဖမ်းဆီးလိုက်ပါတယ်။

အရင်က ထိုင်း T News ရုပ်မြင်သံကြား ဌာန အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူ စွန်ထိယန် ချွန် ရုထိုင် နိုင်ထမ် Sonthiyan Chuen-ruthai-naitham ကို အရေးပေါ် ကြေညာချက် ဥပဒေ အရ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဘန်ကောက် မြို့တော်မှာ ပြီးခဲ့တဲ့ တစ်ပတ်က အရေးပေါ် ဥပဒေ ချိုးဖောက်မှုနဲ့ တရားရုံးက ဖမ်းဆီးမိန့် ထုတ်ပြန်ထားသူ အတိုက်အခံ ခေါင်းဆောင် ၁၉ ယောက်ရှိပြီး သူက တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို အဟန့်အတား ပြုကြပြီး လမ်းမတွေ ကို ပိတ်ဆို့ ဆန္ဒပြကြသူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှု မဖြစ်အောင် ရှောင်ဖို့ အခုချိန်အထိ အစိုးရက ရဲတွေကို အမိန့်ပေးထားပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်လာရင် စစ်တပ်က ဝင်ပါလာနိုင်မယ့် အခြေ အနေကို စိုးရိမ်တဲ့ အတွက် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ