မွေးကင်းစ စွန့်ပစ်ဌာနတွေ တရုတ်မှာဖွင့်

china baby ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်ပြည် ကလေး မွေးနှုန်း တင်းကျပ်

တရုတ် နိုင်ငံမှာ မွေးကင်းစ ကလေးတွေကို မလိုချင်တဲ့ မိဘတွေက လာစွန့်ပစ်နိုင်တဲ့ နေရာ ၂၅ ခုကို အစိုးရက နိုင်ငံအနှံ့ ဖွင့်လှစ် ပေးထား ပါတယ်။

ကလေး စွန့်ပစ်မှုတွေ တိုးလာအောင် အားပေး နေတာလို့ ဝေဖန်မှု တွေ ရှိနေပေမယ့် ဒီလို ကလေး လက်ခံ ဌာနတွေ နောက်ထပ် အများကြီး ဖွင့်ဖို့ စီစဉ် နေတယ်လို့ တရုတ် အာဏာပိုင် တွေက ပြောပါတယ်။

အနွေးဓာတ်ပေးတဲ့ ဖန်အုပ်ဆောင်း တခုထဲကို ကလေးကို ဘယ်သူမှ မသိဘဲ လာထားနိုင်မှု၊ နောက် မိဘတွေ ထွက်သွားပြီး ၁ဝ မိနစ် နေမှ အချက်ပေးတဲ့ စနစ် တပ်ဆင်ထားတဲ့ ဒီစွန့်ပစ်ဌာနတွေဟာ ကလေးရဲ့ အသက်ရှင် ကျန်ရစ်မှုကို သိသိသာသာ တိုးမြင့်စေတယ်လို့ သိရပါတယ်။

နှစ်စဉ် လမ်းပေါ်မှာ အစွန့်ပစ် ခံရတဲ့ ကလေး အများစုမှာ ကျန်းမာရေး ချို့ယွင်းမှု နဲ့ ရောဂါ ကြီးကြီးမားမား တွေ ပါလာတတ်တာကို တွေ့ရကြောင်း ၊ မိဘတွေကလည်း သူတို့ မမွေးနိုင် မကြည့်နိုင်လို့ ဒီကလေးတွေကို စွန့်ခဲ့ရတယ် ဆိုတဲ့ စာလေးတွေ ထားခဲ့တာ တွေ့ရကြောင်း တရုတ် အရာရှိ တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ