တရုတ်စစ်သားတွေရဲ့ ကိုယ်ကြီးထွားလာလို့ တင့်ကားထဲ ဝင်ထိုင်ဖို့ခက်

ဓာတ်ပုံ မူပိုင် Xinhua
Image caption တရုတ်တပ်ဖွဲ့၀င်တွေရဲ့ ကိုယ်အချိုးအစား ကြီးထွားလာလို့ တင့်ကားထဲ ၀င်ထိုင်ဖို့ ခက်နေ

တရုတ်နိုင်ငံမှာ တပ်ဖွဲ့ဝင်တွေရဲ့ ခန္ဓာကိုယ် အချိုးအစား ကြီးထွားလာနေတာကြောင့် တင့်ကားထဲ ၀င်ထိုင်နိုင်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ စစ်တပ်က ပြောပါတယ်။

အခုဆိုရင် ရိုင်ဖယ် သေနတ်တွေကလည်း သူတို့ အရပ်နဲ့ စာရင် ပိုတိုနေတာကြောင့် သူတို့ခန္ဓာကိုယ် အချိုးအစားနဲ့ညီတဲ့ ပုံစံကို ပြန်ထုတ်ဖို့ လိုနေပြီလို့ တရားဝင် စစ်ဖက်ရေးရာ သတင်းစာမှာ ရေးသားထားပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် အတွင်း လုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုအရ စစ်သားတွေဟာ အခုဆိုရင် အရင်ကထက် နှစ် စင်တီမီတာ အရပ်ပိုမြင့်လာကြသလို ခါးတဝိုက်မှာလည်း ငါးစင်တီမီတာလောက် ပိုပြည့်လာကြောင်း လေ့လာ တွေ့ရှိခဲ့ပါတယ်။