တရုတ်နိုင်ငံ လေထုညစ်ညမ်းမှု မြင့်မား

pollution ဓာတ်ပုံ မူပိုင် Getty
Image caption လူတွေ အပြင် သိပ်မထွက်ဖို့ ဆော်သြထား

တရုတ်နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသ တချို့မှာ အန္တရာယ် ရှိနိုင် လောက်တဲ့ အဆင့် အထိ လေထု ညစ်ညမ်း နေတာကြောင့် တရုတ် အစိုးရ က ဘေကျင်းမြို့ တဝိုက်မှာ ရှိတဲ့ စက်မှုဇုံ တွေကို စစ်ဆေးရေးမှူးတွေ စေလွှတ် ခဲ့ပါတယ်။

အရေးပေါ် အခြေအနေ တုံ့ပြန်ရေး အစီအစဉ် အရ ကျောက်မီးသွေး၊ သံမဏိ နဲ့ အခြား လုပ်ငန်း တွေမှာ သတ်မှတ်ချက် အတိုင်း လုပ်ငန်း ဆောင်ရွက်မှု တွေကို လျှော့ချ ဖြတ်တောက်ခြင်း ရှိမရှိ သွားရောက် စစ်ဆေးတာ ဖြစ်ပါတယ်။

ဘေကျင်း မြို့မှာ လေထု ညစ်ညမ်းမှု ဟာ နိုင်ငံတကာ အမြင့်ဆုံး စံနှုန်း သတ်မှတ်ချက်ထက် ၁၅ ဆ မြင့် တက် နေတာကြောင့် လူတွေကို တတ်နိုင်သမျှ အပြင် မထွက်ကြဖို့ သောကြာနေ့ တုန်းက ကြေညာ ခဲ့ပါတယ်။

လေထုတွေ မီးခိုးရောင် သန်းလာတဲ့ အချိန် အစပိုင်းမှာ တုံ့ပြန်မှု နှေးကွေးခဲ့တယ် ဆိုပြီး ဘေကျင်းမှာရှိတဲ့ အာဏာပိုင် တွေကို ဝေဖန် ခံနေရပါတယ်။

ဒီလေထု ညစ်ငြမ်းမှုဟာ အနည်းဆုံး နောက်ထပ် ရက်အတော်ကြာ ဆက်ရှိ နေမယ်လို့ ခန့်မှန်းရ ပါတယ်။