ယူကရိန်း ခရိုင်းမီးယားမှာ ရုရှားဆန့်ကျင်သူတွေဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP
Image caption ခရိုင်းမီးယား ပါလီမန်ရှေ့က ယူကရိန်းဟာ ရုရှားမဟုတ်ဟု ကြွေးကြော်သူများ

ယူကရိန်းနိုင်ငံ ခရိုင်မီးယား ဒေသက ပါလီမန် ရှေ့မှာ ဆန္ဒပြနေကြတဲ့ ရုရှားကို လိုလားသူ တွေနဲ့ ရုရှားကို ဆန့်ကျင်သူတွေ နှစ်ဖွဲ့အကြား ခွဲခြား တားဆီးဖို့ ရဲတွေက ကြိုးစားနေရ ပါတယ်။

ဒေသမြို့တော် ဆင်ဖါရိုပိုလ်မှာ မွတ်စလင်တာတာ တသောင်းကျော်တို့ဟာ ယူကရိန်း အလံတွေ ဝှေ့ယမ်းပြီး ယူကရိန်းဟာ ရုရှားမဟုတ်ဘူးလို့ ကြွေးကြော်နေကြပါတယ်။

ရုရှားအစိုးရဲ့ အကာအကွယ်ကို တောင်းဆိုနေတဲ့ မော်စကိုကို လိုလားတဲ့ ဆန္ဒပြသူ လူအုပ်နဲ့ ခိုက်ရန် ဖြစ်ပွားမှု တချို့လည်း ရှိခဲ့ပါတယ်။

ပြုတ်သွားတဲ့သမ္မတ ယန်နူကိုဗစ်ချ် အစိုးရကို အစားထိုးဖို့ ဥရောပသမဂ္ဂကို လိုလားတဲ့ အစိုးရ အဖွဲ့သစ် အမည်ကို ကိယက်ဗ်က လွတ်လပ်ရေးရင်ပြင်မှာ ကနေ့ ချပြမှာ ဖြစ်ပါတယ်။

တင်းမာမှုတွေ များလာတဲ့အတွက် ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံ အနောက်ဘက်တလွှားမှာ တိုက်ခိုက်ရေးအတွက် အသင့်အနေအထားအဖြစ် လေ့ကျင့်ဖို့ စစ်တပ်ကို အမိန့်ပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ