စစ်ကာလ ပြည့်တန်ဆာမှုတွေ ဂျပန် ပြန်သုံးသပ်မယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခဲ့တယ်လို့ ဘာကြောင့် ကောက်ချက်ချခဲ့သလဲဆိုတာ ပြန်သုံးသပ်မယ်လို့ ဂျပန် အစိုးရက ပြော

စစ်ကာလ အတွင်း အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီးတွေကို စစ်ကာလ ပြည့်တန်ဆာတွေ အဖြစ် အဓမ္မခိုင်းစေခဲ့တဲ့ ဂျပန် စစ်တပ်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ က ထုတ်ပြန် ကြေညာချက်ကို ပြန်လည် သုံးသပ်မယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

စစ်တပ်ရဲ့ ပြည့်တန်ဆာခန်းတွေမှာ လိင်ကျွန် တွေ အဖြစ် အသုံးချခံခဲ့ကြရတဲ့ အမျိုးသမီးတွေထဲက အသက်မသေဘဲ ကျန်ရှိခဲ့တဲ့ သူတွေကို အမှန်တကယ် တောင်းပန်ကြောင်း ဂျပန် နိုင်ငံက အဲဒီအချိန်က ထုတ်ပြန်ခဲ့ပါတယ်။

အခုတော့ အရင် အစိုးရတွေက ဘာကြောင့် ဒီလို ကောက်ချက်ချခဲ့တယ် ဆိုတာ စုံစမ်းမယ့် အဖွဲ့ တစ်ခု ဖွဲ့စည်းမယ်လို့ ဂျပန်နိုင်ငံက ပြောလာပါပြီ။

တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က ဂျပန်နိုင်ငံဟာ စစ်ကာလ အတွင်းသူတို့ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ အတွက် ရိုးရိုးသားသား တောင်းပန်မှု မရှိခဲ့ဘူးလို့ ထပ်ကာတလဲလဲ စွပ်စွဲ နေခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ