ကူမင်းတိုက်ခိုက်မှု ခွဲထွက်ရေးသမားတွေကို တရုတ်အစိုးရ အပြစ်တင်

Image caption ကူမင်းဘူတာရုံမှာ လုံခြုံရေးတွေ ကင်းလှည့်

တရုတ်နိုင်ငံ တောင်ပိုင်းက ကူမင်းမြို့က ရထားဘူတာရုံတခုမှာ လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူတရာကျော် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုဟာ အနောက်မြောက်ပိုင်း စင်ကျန်းပြည်နယ် က ခွဲထွက်ရေးသမားတွေရဲ့ လက်ချက်လို့ တရုတ်အစိုးရ က ထုတ်ပြန်ခဲ့ပါတယ်။

မနေ့ညက ဘူတာရုံမှာ စောင့်နေတဲ့ ခရီးသည်တွေကို ဓါးတွေကိုင် ဆောင်ထားတဲ့ လူအုပ်စုတခုက ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေကို ရဲတွေက ပစ်ခတ်ရာမှာ လေးဦး သေဆုံးခဲ့ပြီး ဒီဖြစ်ရပ်နဲ့ စပ်လျဉ်းလို့ သံသယရှိတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးထားတယ်လို့ ရဲတွေက ပြောပါတယ်။ အဲဒီအမျိုးသမီးကို ရရှိတဲ့ဒဏ်ရာတွေ နဲ့ ဆေးရုံမှာ ကုသနေတယ်လို့ ဆိုပါတယ်။