ခြေနှစ်ဘက်ပြတ် အပြေးသမားရဲ့ ကြားနာမှု ဒုတိယနေ့

ဓာတ်ပုံ မူပိုင် Reuters
Image caption တရားရုံးမှာ တွေ့ရတဲ့ ခြေနှစ်ဘက်ပြတ် အပြေးသမား Oscar Pistorius

လူသတ်မှုနဲ့ စွဲဆိုခံထားရတဲ့ တောင်အာဖရိက အပြေးသမား Oscar Pistorius ရဲ့ ရှေ့နေတွေဟာ ကြားနာမှုရဲ့ ဒုတိယနေ့မှာ အဓိက သက်သေအပေါ် စစ်မေးမှုတွေ ပြန်လည် စတင်နိုင်ခဲ့ပါတယ်။

သက်သေအဖြစ် ထွက်ဆိုသူရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး ရုပ်မြင်သံကြားမှာ ရိုက်ကူး တင်ဆက်ခဲ့လို့ ဆိုပြီး တရားလို ရှေ့နေအဖွဲ့ ခေါင်းဆောင်ရဲ့ ကန့်ကွက်မှုကြောင့် ကြားနာမှုဟာ ခေတ္တလောက် ရပ်နားခဲ့ရပါသေးတယ်။

တရာလိုသက်သေ ဖြစ်တဲ့ Michelle Burger က အိမ်နီးနားချင်း ဖြစ်တဲ့ မစ္စတာ Pistorius ရဲ့ အခန်းကနေ ကြောက်လန့်ဖွယ် အော်သံ ကြားခဲ့ရပြီးနောက် သေနတ်သံတွေ ကြားခဲ့ရတယ်လို့ တနင်္လာနေ့က ထွက်ဆိုထားပါတယ်။

အိုလံပစ် ပြိုင်ပွဲဝင် ခြေနှစ်ဘက်ပြတ် အပြေးသမား Oscar Pistorius က တော့ သူ့ရဲ့ ချစ်သူ Reeva Steenkamp ကို ဖောက်ထွင်းသမားနဲ့ မှားယွင်း ပစ်ခတ်မိတယ်ဆိုကာ လူသတ်မှု စွဲချက်ကို ငြင်းဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ