တရုတ်စစ်အသုံးစားရိတ် ဒေါ်လာ ၁၃၀ ဘီလျံ တိုးမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption စစ်ရေး အသုံးစရိတ်ကိုလည်း ဒေါ်လာ ၁၃၀ ဘီလျံအထိ တိုးမြှင့်ဖို့ ဆို

ကျင်းပနေတဲ့ တရုတ် ပါလီမန် နှစ်ပတ်လည် အစည်းအဝေးမှာ ၀န်ကြီးချုပ် လီကာကျန်းက တရုတ်ပြည်ရဲ့ စီးပွားရေး ကြီးထွားလာမှုကို ဆက်ထိန်းထားနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲ မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ဖို့ လိုအပ်တယ်လို့ ပြောကြားသွားပါတယ်။

ပြည်သူ့ ဂရိတ်ဟော ခန်းမမှာ ကျင်းပတဲ့ ဒီအစည်းအဝေးကို ကိုယ်စားလှယ်ပေါင်း ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်ရေး အသုံးစားရိတ်ကိုလည်း ဒေါ်လာ ၁၃၀ ဘီလျံ အထိ ၁၂ ရာခိုင်နှုန်းကျော် တိုးမြှင့်သွားမယ်လို့ မစ္စတာ လီက ပြောပါတယ်။ ဒါဟာ သုံးနှစ်အတွင်း စစ်အသုံးစားရိတ် အကြီးဆုံး တိုးမြှင့်မှု ဖြစ်ပါတယ်။

အခုလို တရုတ်တို့က စစ်အသုံးစရိတ် တိုးမြှင့်မယ့်အပေါ် စိုးရိမ်ကြောင်း ဂျပန်က ချက်ချင်း ဆိုသလို ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ