ယူကရိန်းအရေး ပြင်သစ်မှာ နိုင်ငံတကာ ဆွေးနွေး

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ပဲရစ်မြို့ အစည်းအဝေးကို တက်ရောက်စဉ်။

ယူကရိန်း ခရိုင်းမီးယား အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက သံတမန်ရေး အရ အပြင်းအထန် ကြိုးပမ်းနေရာမှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ယူကရိန်း ကိစ္စကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဝိုင်းဝန်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ယူကရိန်း ကြားဖြတ် အစိုးရဟာ အခု လောလောဆယ်မှာ ရုရှားနဲ့ ဖြစ်နေတဲ့ ပဋိပက္ခအပေါ် သိပ်ပြီး အပြင်းအထန် ပြောဆိုခြင်း မရှိတာကို တွေ့ရပါတယ်။

ပဲရစ်မြို့ ဆွေးနွေးပွဲမှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ရို့ဗ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီတို့လည်း ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မစ္စတာ လက်ရိုဗ့်က ခရိုင်းမီးယားကို ထိန်းချုပ်ထားတဲ့ တပ်ဖွဲ့တွေဟာ ရုရှားတပ်တွေ မဟုတ်ဘဲ ဒေသတွင်းက ရုရှားလိုလားတဲ့ တပ်ဖွဲ့တွေသာ ဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ အတွက် အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် မျှော်လင့်ချက်ကို လျော့ကျနေစေပါတယ်။

အခုတော့ ယူကရိန်း ကြားဖြတ် အစိုးရရဲ့ တောင်းဆိုမှုအရ ဥရောပ လုံခြုံရေးနဲ့ ပူပေါင်းဆောင်ရွက်ရေး အဖွဲ့ကနေ စစ်ဖက်ဆိုင်ရာ လေ့လာ စောင့်ကြည်သူ ၃၅ ဦးကို ယူကရိန်းကို စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားကလည်း ယူကရိန်း အကျပ်အတည်း ပြေလည်ရေးအတွက် အစိုးရသစ်နဲ့ မော်စကို အကြား ဆွေးနွေးရေး၊ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေ ယူကရိန်းမှာ ထားရှိရေး စတဲ့ အချက်တွေ အပါအဝင် အဆိုပြုချက်တွေကို ချပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ