ယူကရိန်းအရေး အီးယူ အရေးပေါ် စည်းဝေး

ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှားအပေါ် သဘောထား အီးယူနိုင်ငံတွေကြား သဘောထားကွဲနေ

ယူကရိန်းနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေဟာ ဘရပ်ဆဲလ်မြို့မှာ အရေးပေါ် ထိပ်သီး အစည်းအဝေး ကျင်းပ နေကြပါတယ်။

အဲဒီ့ ဆွေးနွေးပွဲကို တက်ဖို့ ရောက်လာတဲ့ ယူကရိန်းရဲ့ ၀န်ကြီးချူပ်သစ် Arseniy Yatsenyuk က ပြသနာကို ဖြေရှင်းဖို့ အဖြေရှာနိုင် မရှာနိုင် ဆိုတာ ရပ်ရှားအနေနဲ့ ဆွေးနွေးတဲ့အခါ ဘယ်လောက် ရိုးရိုးသားသားနဲ့ အခြေအနေအားလုံး တည်ငြိမ်နိုင်ရေးအတွက်ကိုသာ ပြင်ဆင်ထားသလဲ ဆိုတာအပေါ် မူတည်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စဟာ ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံ အကြားက ပြဿနာ သက်သက် မဟုတ်ဘူး၊ ဥရောပတစ်ခုလုံးရဲ့ အကျပ်အတည်း ဖြစ်တယ်လို့ ယူကရိန်း ၀န်ကြီးချူပ်က ပြောပါတယ်။

ရုရှားရဲ့ ခရိုင်းမီးယား အရေးမှာ စစ်ရေးအရ ၀င်ရောက် စွက်ဖက်ခဲ့မှုအပေါ် ဘယ်လို သဘောထားမလဲ ဆိုတာ အီးယူ နိုင်ငံတွေကြား သဘောထား ကွဲလွဲနေပါတယ်။

တချို့ အရှေ့ ဥရောပနိုင်ငံတွေဟာ ဒီအရေးမှာ ဥရောပ သမဂ္ဂအနေနဲ့ တင်းတင်းမာမာ ကိုင်တွယ်စေလိုပါတယ်။ ဒါပေမယ့် ရုရှားနဲ့ စီးပွားရေး အဆက်အဆံ ကြီးကြီးမားမား ရှိတဲ့ ဂျာမနီ နိုင်ငံအနေနဲ့ ရုရှားအပေါ် စီးပွားရေးအရ အရေးယူမှုတွေ မလုပ်ဖို့ ဂျာမနီ အစိုးရမှာ ဖိအားတွေ ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့က ပါရီမြို့တော်မှာ လုပ်ခဲ့တဲ့ ရုရှားနဲ့ အနောက်နိုင်ငံ အစိုးရတွေအကြား စကားပြောဆိုမှုတွေက သိပ်ပြီး အခြေအနေ တိုးတက်မှု မရှိခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ